သတင်း

May 12, 2017

၂၁ ရာစုပင်လုံမတိုင်ခင် ရခိုင်၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရန် ANP တောင်းဆိုမည်

ရန်ကုန် ၊ မေ ၁၁ ။           ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး စတင်မည့် မေလ ၂၄ ရက်နေ့ မတိုင်မီ ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရန် တောင်းဆိုသွားမည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။ မေလ […]
May 12, 2017

UNFC မူအတိုင်း ဆက်သွားရန် မွန်ပြည်သစ်ပါတီ ဆုံးဖြတ်

ချင်းမိုင်၊မေလ ၁၀ ။           ။ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီ အစည်းအဝေးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မူအတိုင်း ဆက်လက် ရပ်တည်သွားရန် အပါအဝင် အချက် ၃ ချက် ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု […]
March 28, 2017

ALD ပါတီခေါင်းဆောင် နှစ်ဦး ကို ရွေးချယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ တည်ထောင်လိုသူတွေထဲ က ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ရွေးချယ်လိုက်ပါတယ်။ ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ပါတီခေါင်းဆောင်တွေအစည်းအဝေးကျင်းပပြီး ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ပထမခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဦးကျော်မြင့်က အခုလိုပြောပါတယ်။ “ပါတီတည်ထောင်လိုသူ အယောက် ၂၀ နဲ့ ALD ကို […]
March 28, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အရည်အချင်း၊ ဂုဏ်သိက္ခာ၊ ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာများဖြင့် သန့်ရှင်းစွာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အရည်အချင်း၊ ဂုဏ်သိက္ခာ၊ ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာများဖြင့် သန့်သန့်ရှင်းရှင်း ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။ မတ် ၂၆ ရက်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ် ၁၂၄ ရပ် ကွက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု […]
March 14, 2017

လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF) ကြေညာချက်ထုတ်ပြန်

ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအား ၀န်းရံသွားမည်ဟု Mon Youth Forum (MYF)က မတ် ၁၁ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘီလူးကျွန်း […]
March 14, 2017

ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ သုံးပွင့်ဆိုင် မကြာခဏ တွေ့ဆုံကြရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် မှာကြားခဲ့

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် NLD ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပါတီ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ မကြာခဏတွေ့ ဆုံကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံပွဲကို တောင်ကြီးမြို့ Royal Taunggyi Hotel တွင် မတ် ၁၂ ရက် မွန်းလွဲ […]
February 3, 2017

ဦးကိုနီလုပ်ကြံခံရတဲ့အမှုပေါ်ပေါက်ဖို့ ဥပဒေရေးရာ ဆိုင်ရာကိစ္စတွေကို အန်အယ်ဒီ အနေနဲ့ဖိအားပေးမှာမဟုတ်

ဇန်န၀ါရီ ၃၀။ရန်ကုန်။ တရားလွှတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရတဲ့အမှုပေါ်ပေါက်လာဖို့ ဥပဒေရေးရာဆိုင်ရာကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖိအားပေးတာတွေ မလုပ်သွားဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်ကပြောပါတယ်။ ‘’ဦးကိုနီနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို ရဲတပ်ဖွဲ့ကဆက်လုပ်နေတယ်။ပြီးရင်သူတို့ လုပ်သင့်တာတွေဆက်လုပ်လိမ့်မယ်။CIDလိုရင်CIDကိုပို့လိမ့်မယ်။”လို့ ဦးဝင်းထိန်ကပြောပါတယ်။ ဦးကိုနီဟာ ဥပဒေပညာရှင်ဖြစ်တဲ့ အတွက် ရန်ကုန်တိုင်းအစိုးရအနေနဲ့ တာဝန်ယူပြီးဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ဆက်ပြောပါတယ်။ ဦးကိုနီလုပ်ကြံခံရတာနဲ့ပတ်သတ်ပြီး […]
February 3, 2017

လာမည့် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရမည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကြေညာထားကြောင်း သိရသည်။ မဲဆန္ဒရှင် စာရင်းများအား ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ကပ်ထားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းများအား ဖေဖော်ဝါရီ ၁၄ ရက်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲဝင် (၃) ဦးစီကို မဲစာရင်းကပ်ထားတဲ့ နေရာတိုင်းတွင် တာဝန်ပေးထားကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီက ပြောကြားသည်။ “၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် စာရင်းတွေဟာ အဲဒီတုန်းက စာရင်းကောက်တုန်းက တစ်အိမ်တက်ဆင်း ကောက်ယူခဲ့တာ မဟုတ်ဘူး။ ရပ်ကွက်၊ ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေရဲ့ အိမ်ထောင်စုစာရင်း (၆၆/၆) အပေါ်အခြေခံပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ အခုကြားဖြတ် ရွေးကောက်ပွဲမှာကတော့ မဲဆန္ဒရှင် စာရင်းတွေကို တစ်အိမ်တက်ဆင်း ကောက်ယူထားတာ ဖြစ်ပါတယ်။ အခုလက်ရှိ မဲဆန္ဒရှင်စာရင်း ၁၂၅၉၃၄ ဦးဟာ စာရင်းအမှန် ဖြစ်ပါတယ်။ ဒီမဲစာရင်းဟာ ၂၀၁၅ ခုနှစ်တုန်းက မဲဆန္ဒရှင်စာရင်းကို အခြေခံထားသော်လည်း အဲဒီမဲစာရင်းမှာက သေဆုံးခဲ့ပြီးတဲ့သူတွေ ပါဝင်ခဲ့တာတွေ၊ မဲဆန္ဒရှင် စာရင်းတွေကို ကတိုက်ကရိုက် ကောက်ယူခဲ့ရတာတွေအတွက် မဲဆန္ဒရှင်တွေ ဖောင်းပွနေခဲ့ပါတယ်။ အခု အဲဒီစာရင်းတွေကို အကုန်ပယ်ထားပါတယ်။ ဒါကြောင့် အခုမဲဆန္ဒရှင်စာရင်းက အမှန်စာရင်း ဖြစ်ပါတယ်။ အရင်စာရင်းနဲ့ဆိုရင် မဲဆန္ဒရှင် ၅၇၀ ကျော်လောက် လျော့သွားပါတယ်။ အခုမဲဆန္ဒရှင် စာရင်းမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှာ ၁၈နှစ်ပြည့်မယ့် သူတွေအထိကို ထည့်သွင်းထားပါတယ်” ဟု ဦးထွန်းရီက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “နောက်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် စာရင်းတွေကို အက္ခရာစဉ်နဲ့ သွားလိုက်တဲ့ အခါကျတော့ ဒီအိမ်မှာ လူဘယ်နှစ်ယောက် ရှိလဲဆိုတာကို ချက်ချင်းစစ်လို့မရဘူး။ အိမ်ထောင်စုအလိုက် မဟုတ်တဲ့ အတွက်ကြောင့် မဲဆန္ဒရှင် စာရင်းလာကြည့်တဲ့သူတွေက စစ်ရတာခက်ပါတယ်။ အခု မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်း လိုက်စီထားတဲ့အတွက် အိမ်ထောင်စုတစ်ခုက မဲဆန္ဒရှင်စာရင်းကို တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မဲစာရင်း ပြင်ဖို့အတွက်ကိုလည်း လာရောက် အကြောင်းကြားရင် တစ်ခါတည်း ပြင်ပေးမယ်။ ပြီးရင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံကို အကြောင်းကြား၊ ပြီးတာနဲ့ အချောပြန်ထုတ်ပြီး တစ်ခါတည်း ပြန်ကပ်ပေးထားပါမယ်” ဟုပြောကြားသည်။ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ရွှေကလည်း “မဲဆန္ဒရှင်စာရင်းကို အခုမှစကပ်တဲ့အတွက် သိတဲ့လူကတော့ နည်းသေးတာပေါ့။ ဒီနေ့ညနေပိုင်းကစပြီး အသံချဲ့စက်နဲ့ လိုက်ပြီးတော့ ကြေညာပေးပါမယ်။ နောက်ပြီး လက်လှန်းမီသလောက် မဲစာရင်းစစ်ကြဖို့ ဗီနိုင်းတွေကို ကပ်ထားပေးပါတယ်။ လက်ကမ်း စာစောင်တွေကိုလည်း လိုက်ဝေထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ညနေပိုင်း အလုပ်သိမ်းချိန် လောက်မှပဲ မဲစာရင်းတွေလာ ကြည့်ကြပါတယ်” ဟုပြောကြားသည်။ “မဲစာရင်းကဒီနေ့မှ ကပ်တယ်ဆိုတော့ လုံးဝသွားမကြည့်ရသေးဘူး။ ဒီကြားဖြတ် ရွေးကောက်ပွဲကိုတော့ အချိန်နီးလာရင် ပြည်သူတွေ စိတ်ဝင်စားကြမှာပါ။ ဒီတစ်ခါ ရွေးကောက်ပွဲမှာ လူကိုပဲ အထူးကြည့်ပြီးတော့ မဲထည့်သွားမှာ ဖြစ်ပါတယ်။ အဓိက ပြည်သူတွေကို အကျိုးပြုမယ့် ပုဂ္ဂိုလ်မျိုးတွေကို အထူးသဖြင့် ဦးစားပေးပြီးတော့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟုချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ ဦးလှထွန်းက ပြောကြားသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဧပြီ ၁ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စသည့်ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ Writer: ဘိုဘိုမြင့်

လာမည့် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရမည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကြေညာထားကြောင်း သိရသည်။ မဲဆန္ဒရှင် စာရင်းများအား […]
February 3, 2017

ကြားဖြတ် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူး ရုံးများတွင် စတင်ကြေညာ

လာမည့် ဧပြီ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရမည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးများတွင် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကြေညာထားကြောင်း သိရသည်။ မဲဆန္ဒရှင် စာရင်းများအား […]
February 3, 2017

SNLD ပါတီအား ကြားဖြတ် ရွေးကောက်ပွဲတွင် လုပ်ကြံ ဖန်တီးထားသည့် စွပ်စွဲချက် ပြုလာနိုင်သည့် အလားအလာများ တွေ့ရသဖြင့် သံတမန်များ၊ မီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများ လေ့လာစောင့်ကြည့်ပေးရန် SNLD ပါတီဖိတ်ခေါ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအား ကြားဖြတ် ရွေးကောက်ပွဲတွင် လုပ်ကြံဖန်တီးထားသည့် စွပ်စွဲချက်များဖြင့် စွပ်စွဲချက် ပြုလုပ်လာနိုင်သည့် အလားအလာများ တွေ့ရှိရသဖြင့် သံတမန်များ၊ မီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများ လေ့လာစောင့်ကြည့်ပေးရန် SNLD ပါတီက ဖိတ်ခေါ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ […]
February 3, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီပဲ သေချာပေါက် အနိုင်ရမည်ဟု ဦးဝင်းထိန်ပြော

ဦးကိုနီသေဆုံးမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးနေတဲ့ အခြေနေနဲ့ပတ်သက်ပြီး မသိရှိသေးပေမယ့် ဒီဖြစ်စဉ်ကြောင့် ၂၀၁၇ ကြားဖြတ်ရွးကောက်ပွဲမှာလည်း အန်အယ်လ်ဒီပါတီပဲ သေချာပေါက် အနိုင်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ “ရဲတပ်ဖွဲ့အစီရင်ခံစာက နိုင်ငံတော်အတိုင်ပင်ခံကိုတော့ တင်ပြထားမှာပေါ့။ ကိုယ်တော့ မသိဘူး။ သိလည်းမပြောနိုင်ဘူး။ သေချာတာ တခုတော့ ရှိတယ်။ […]
January 27, 2017

လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်သော မဲရုံမှူးများအား ကော်မရှင်က အကာအကွယ်ပေးမည်

လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါက မဲရုံမှူးများကို တရားစွဲဆိုခြင်း မခံရစေရန် ကော်မရှင်က အကာအကွယ်ပေးမည် ဖြစ်ပြီး မဲရုံအတွင်း မဲဆွယ်ခြင်းကဲ့သို့ လမ်းညွှန်ချက်ထက် ကျော်လွန် လုပ်ဆောင်ပါက ဥပဒေနှင့် ငြိစွန်းပြီး တရားစွဲဆိုခံရမည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက  ပြောကြားသည်။ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇန်န၀ါရီ ၂၅ ရက်က […]