သတင်း

March 1, 2016

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားအမတ်တို့ တောင်းဆ

နေပြည်တော်(ဖေဖော်ဝါရီ ၂၉)။ ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားအမတ်တို့က တောင်းဆိုလိုက်သည်။ ပြည်ထောင်စုလွှတ်တော်မှ တိုင်းရင်းသားအမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ စားရိပ်သာ(၅)တွင် ဖေဖော်ဝါရီ ၂၉ရက်ညနေပိုင်းက တွေ့ဆုံစဉ် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် NLDအနေဖြင့် တိုင်းရင်းသားများကိုမေ့မထားရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းရန် တိုင်းရင်းသားအမတ်များက တောင်းဆိုကြခြင်းဖြစ်သည်။ […]
February 26, 2016

လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများ ပါတီမူဝါဒအတိုင်းဆောင်ရွက်ရန် ဒီချုပ်အမတ်များအား ဒေါ်အောင်ဆန်းစုကြည်မှာကြား

လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများတင်ပြဆွေးနွေးခြင်းများကို ပါတီက ချမှတ်ထားသော မူဝါဒများအတိုင်း ဆောင်ရွက်ကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံလွှတ်တော်ကိုယ်စားလှယ်များအား ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၂၄ရက်တွင်နေ ပြည်တော်လွှတ်တော်အဆောက် အအုံဝင်းအတွင်းရှိ ပြည်သူ့လွှတ် တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းတွင် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တိုင်း […]
January 21, 2016

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူမှုဖေဖော်ဝါရီ ၈ ရက်သို့ရွှေ့ဆိုင်း

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကိုမူလလျာထားရက်ထက် ခုနစ်ရက် နောက်ဆုတ်၍ ဖေဖော်ဝါရီ ၈ ရက်တွင် ခေါ်ယူမည်ဖြစ်ကြောင်း သ တင်းရရှိသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးကျင်းပပုံများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အချို့ သွားရောက်လေ့လာမည် ဖြစ်၍ ယခုကဲ့သို့ လွှတ်တော်အစည်းအဝေးများရက်အနည်းငယ် နောက်ဆုတ်လိုက်ကြောင်းမန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်ကပြောသည်။ ‘‘သက်ဆိုင်ရာပါတီအလိုက် ကိုယ်စားလှယ်တွေအနေနဲ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကျင်းပပုံတွေကိုလေ့လာဖို့ အစီအစဉ်ရှိ […]
January 20, 2016

အစိုးရဘတ်ဂျက် ကျပ်ဘီလီယံခြောက်ရာကျော်ကိုလွှတ်တော်ဖြတ်တောက်

လာမည့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ပြည် ထောင်စုအစိုးရအဖွဲ့က ဆောင် ရွက်ရမည့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် စီမံကိန်းများအတွက် တောင်းခံထားသည့် ငွေကြေးပမာဏများအနက် ကျပ်ငွေ ၆၁၃ ဘီလီယံကျော်ကို ဖြတ်တောက်ရန် ပြည် ထောင်စုလွှတ်တော်ကဆုံးဖြတ် လိုက်ကြောင်းသတင်းရရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာသောလာမည့် ဘတ် ဂျက်နှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းများတွင် […]
January 19, 2016

တပ်ကို ဝေဖန်သည့် ဒီချုပ်ကိုယ်စားလှယ်ဆွေးနွေးမှု တပ်ကိုယ်စားလှယ်များကကန့်ကွက်သဖြင့် ဆွေးနွေးချက် ပယ်ဖျက်

တပ်ကို ဝေဖန် ဆွေးနွေးခဲ့သည့် ဒီချုပ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များကိုတပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ကကန့်ကွက်သ ဖြင့် ယင်းဆွေးနွေးချက်များကိုလွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ခဲ့ကြောင်းသတင်းရရှိသည်။ ဇန်န၀ါရီ ၁၈ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ လွှတ်တော် နာယကသူရဦးရွှေမန်းကအဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နာယကထံတပ်မတော်သားအစုအဖွဲ့ကကန့်ကွက်စာတင်ပြထားသဖြင့် ယင်းကန့်ကွက်စာကိုဖတ်ကြားကာဆွေးနွေးချက်များပယ်ဖျက်ကြောင်းလွှတ်တော်သို့ အသိပေးခဲ့ခြင်းဖြစ်သည်။ […]
January 19, 2016

အရေးပေါ်ညီလာခံကျင်းပရန် ကြံ့ခိုင်ရေးပါတီဆွေးနွေး

(နေပြည်တော်၊ ဇန်နဝါရီ ၁၉)။ ။ ပါတီ၏ ဖွဲ့စည်းပုံအားပယ်ဖျက်၊ ဖြည့်စွက်မည့် ညီလာခံတစ်ရပ် ကျင်းပရေးအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ တံခါးပိတ်အစည်းအဝေးတွင် ဇန်နဝါရီ ၁၉ရက်က ဆွေးနွေးကြသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူဦးလှသိန်းဆွေကပြောသည်။ “ညီလာခံကိုအရေးပေါ်ညီလာခံလုပ်မလား၊ ပုံမှန်ငါးနှစ်တစ်ကြိမ်လုပ်မလားအဲ့ဒါကိုပဲဆွေးနွေးတာကိုမပြတ်ဘူး” ဟုဦးလှသိန်းဆွေကပြောသည်။ ရွေးကောက်ပွဲအပြီးပထမဆုံးအကြိမ်ပြုလုပ်သောတိုင်းနှင့်ပြည်နယ်များမှ ပါတီဥက္ကဌများဖြစ်သူဝန်ကြီးချုပ်များတက်ရောက်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အစည်းအဝေးကိုနေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဇန်နဝါရီ […]
January 18, 2016

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကော်မရှင်အသစ်သို့ လွှဲပေးမည်

စစ်ဆေးလျက်ရှိသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှု များကိုအသစ်ဖွဲ့စည်းမည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လွှဲပြောင်းပေးရမည်ဖြစ် ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦး ၀င်းကြည်ကပြောကြားသည်။ ‘‘ကော်မရှင်အသစ်ကပဲ ပြန် စစ်မှာပေါ့။ အမှုတွေကမပြီးနိုင် သေးဘူး။ ကော်မရှင်အသစ်ဖွဲ့ လိုက်တာနဲ့ လက်ရှိကော်မရှင်ကအသက်မရှိတော့ဘူးလေ’’ဟုဦး ၀င်းကြည်ကပြောသည်။ သမ္မတသစ်တက်လာမည့် ၂၀၁၆ မတ်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန် လည်ဖွဲ့စည်းဖွယ်ရှိသည်။ ဖွဲ့စည်းထားသော […]
January 15, 2016

ရှစ်ပြည်နယ်သာထားရှိမည့် မူဝါဒ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် SNLD တင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအဖြစ် ဖွဲ့စည်းထားသော မြန်မာနိုင်ငံကို ပြည်နယ်ရှစ်ခုတည်းထားရှိမည့် စနစ်ပြောင်းလဲရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြခဲ့ကြောင်းယင်းပါတီထံမှ သိရသည်။ ပြည်ထောင်စုညီလာခံတွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတင်သွင်းသည့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ […]